အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာ ယခင်စိုက်ပျိုးထားရှိသော ပြောင်းသီးနှံများ ရိတ်သိမ်းပြီးချိန် ယာခင်းအတွင်း ရှင်းလင်းပြီးနောက် စီးပွားဖြစ် ပြန်လည် စိုက်ပျိုးထားရှိသော ခိုတီဝိုးကျေးရွာနေ ဦးချစ်ကို၏ အစေ့ထုတ်ပဲတီစိမ်း စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
Dec 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆင်းကွတ်ကျေးရွာရှိ တောင်သူဦးခင်မောင်မြင့်၏ ဝါသီးနှံ (BRAVO-700) အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်း ရွှေဘိုမြို့နယ်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Dec 12,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း တို့သည် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့နံနက်က မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု ဘန့်ဘွေးကုန်း၊ ရေတာ နေရောင်ခြည်သုံး အသေးစား လျှပ်စစ်ဓာတ်အား စက်ရုံ ဓာတ်အား စနစ်စီမံကိန်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။
Dec 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်း စီမံချက်နှင့်အညီ အသက် (၁၆) နှစ်ပြည့်ပြီးသည့် အခြေခံပညာ ကျောင်းသား/ ကျောင်းသူ များအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများ၌ ဆောင်ရွက်ပေး ခဲ့ကြ သည်။
Dec 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ရည်မှန်းအုပ်စု များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covid Shield, Sinopharm ၊ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဟူ၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး ထိုးနှံပေးရန် ရည်မှန်း လူဦးရေ၏ ၇၅.၇၄%ကို ထိုးနှံပြီး စီးပြီ ဖြစ်ကြောင်း သိရသည်။
Dec 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်အရိုးဆေးရုံကြီး ကုတင် (၅၀၀) တွင် "လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Dec 12,2021
၂၀၂၁ခုနှစ်၊ မွန်ပြည်နယ် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၆)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
Dec 12,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို Talk Show အစီ အစဉ်ကို လမ်းမတော်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။