အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2021
ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီတွင် ဗန်းမော်ခရိုင်အတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမသစ်လွင်များနှင့် တွေ့ဆုံခဲ့ကြသည်။
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရက်ကွက်၊ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုင်းကြီးကျွန်း မြို့ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ၁၂ ရက်နေ့အထိ (၂)ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 13,2021
ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ပုသိမ်မြို့ မြို့ချောင်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၃ နာရီ ၂၀ မိနစ် အချိန်က အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု မကျီးကုန်းကျေးရွာရှိ တောင်သူဦးဝင်းမောင် ပိုင်ဆိုင်သည့် ကွင်းအမှတ်(၇၅၈/က)၊ ဦးပိုင်အမှတ် ၂၉၇ တွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံ မတ်ပဲစိုက်ပျိူးခင်းတွင် အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (Yellow Mosaic Virus) ကြိုတင်ကာကွယ်ရန် (IPM)နည်းဖြင့် ဆောင်ရွက်နေမှုနှင့် သရုပ်ပြဆေးဖျန်းနေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်မှ မတ်ပဲပင်များအား (IPM)နည်းဖြင့် ကာကွယ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ မြေသြဇာသုံးစွဲရာတွင် အဆင်ပြေမှုရှိ/ မရှိမေးမြန်းရာတောင်သူ ဦးဝင်းမောင်မှ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
Dec 12,2021
ပွင့်လင်းရာသီကာလ ပြည်သူလူထု မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကာကွယ် ရေး မီးငြှိမ်းသတ်နည်းဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲပြုလုပ်ခဲ့သည်။
Dec 12,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ပိုင်းက ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး တစ်ပေပတ်လည် စကျင် ကျောက်ပြား ရင်ပြင်တော်အပြည့် ခင်းကျင်းနိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာ သိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် စေတနာရှင် လုပ်သားပြည်သူများမှ ရင်ပြင်တော်ပေါ်သို့ တင်ဆောင် ကုသိုလ်ပြုလုပ်အားပေးမှုကို ကြည့်ရှု အားပေး၍ စေတီတော်မြတ်ကြီးအားဖူးမြော် ကြည်ညို ကန်တော့သည်၊၊
Dec 12,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဉီးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ရသေ့တောင်မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးစံအောင်ကျော် ဉီးဆောင်၍ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (Good Aquaculture Practices -GAqp) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 12,2021
ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝ အဆင်ပြေစေရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ စုပေါင်းဝန်ထမ်အိမ်ရာ(၇၈)လုံး၊ အခန်းပေါင်း ၅၁၀ ခန်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး မြေနေရာရရှိမှုနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ပြည်နယ်အတွင်း နေရာဒေသစုံတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာဖွင့်ပွဲ အခမ်းအနားမှ သိရသည်။