Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝက်လက်မြို့ ၌ မိုးစပါးပေါ်ဆန်းရင် မျိုးစေ့ထုတ် စပါးစိုက်ခင်း စံကွက်ရိတ်သိမ်း
Dec 14,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာ ကွင်းအမှတ် ၃၂၆၁ ရှိ တောင်သူ ဦးဇော်မင်းမြတ် ၏ မိုးစပါး ပေါ်ဆန်းရင် မျိုးစေ့ထုတ် စိုက်ခင်းကို ရိတ်သိမ်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ
Dec 14,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Dec 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနရုံးသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်တွင် ဆောင်းနေကြာစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း
Dec 14,2021
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေကြာခူးဆွတ်သိမ်းဆည်းချိန်တွင် နေကြာစေ့ရဖို့သေချာသလောက် ရှိနေပြီဖြစ်ကြောင်း ခင်တန်းရှည်ကျေးရွာ ဆောင်းနေကြာစိုက် ပျိုးတောင်သူ ဦးမျိုးအောင် က ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် ပြည်သူ့အကျိုးပြု အသက်မွေး ဝမ်းကျောင်း သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြာ…
Dec 14,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရာသီအလိုက် ပေါများစွာ ထွက်ရှိသော ဒေသထွက် ကုန်ကြမ်းများကို အခြေခံပြီး အရည်အသွေးပြည့်မှီသော၊ ဘေးအန္တရာယ် ကင်းရှင်းသော တန်ဖိုးမြှင့်စားသောက်ကုန် ပစ္စည်းများနှင့် ပြည်ပသွင်းကုန် အစားထိုး လူသုံးကုန်ပစ္စည်းများကို ကောင်းမွန်စွာထုတ်လုပ်နိုင်ရန် အဓိကရည်ရွယ်၍ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာစသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ချမ်းမြဝတီရပ်ကွက် တိုင်းရင်းဆေးရုံအနီး မုံရွာမြို့ရှိ သင်တန်းခန်းမတွင် သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ရာ သင်တန်းကာလများမှာ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား (၂၀-၁၂-၂၀၂၁)ရက်နေ့မှ (၂၆-၁၂-၂၀၂၁)ရက်နေ့အထိ လည်းကောင်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းအား (၂၇-၁၂-၂၀၂၁)ရက်နေ့မှ ၃၀-၁၂-၂၀၂၁) ရက်နေ့အထိ လည်းကောင်း ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိုက်တန်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမိခရွန်(Omicron)အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 14,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမိခရွန်(Omicron)ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမရှေ့၌ ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမိခရွန် (Omicron)အကြောင်း အသိပညာပေးနံရံကပ်စာစောင်ကို ပြသပေးထားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Dec 14,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ် မြစ်မခမြစ် သဘာဝရေပြင် အတွင်းသို့ ငါးမျိုးများ စိုက်ထည့်
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ငါးလုပ်ငန်း ဦးစီးဌာနသည် ခရိုင်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ခရိုင်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာ၊ မြစ်မခမြစ်တံတားထိပ် သဘာဝရေပြင် အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23760
Page
23761
Page
23762
Page
23763
Current page
23764
Page
23765
Page
23766
Page
23767
Page
23768
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department