အမြို့မြို့အနယ်နယ်သတင်းများ

May 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ဦးစီးမှူး ဦးကျော်သူရနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က တောင်ကုန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
May 29,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ခရိုင်အဆင့်ကျောင်းအပ် နှံနိုင်ရေးအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန် က ညောင်ဦး (အခြေခံပညာအထက်တန်းကျောင်း)ရှိ ပန်းမျိုးတစ်ရာခန်းမတွင် ပြုလုပ်ခဲ့သည်။
May 29,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လားရှိုးတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအားကြိုဆိုပွဲကို ယမန်နေ့ညနေ (၃)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
May 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာရေးလုပ်ငန်းများဖြစ်သော၊ ရေစီးရေလာကောင်းမွန်စေရန် မြောင်းများတူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 29,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း ဖွင့်လှစ်သည့် (၂/၂၀၂၂) ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန် က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
May 29,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ကျင်းပပြုလုပ်မည့် အနဂ္ဃရတနာမြေဓာတ်ပုံပြပွဲကျင်းပရေး ကြိုတင် ညှိနှိုင်းအစည်းအဝေးကို
May 29,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက် ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရပ်ရွာအခြေပြု ပန်းအလှပြင်နှင့် မြန်မာအစားအစာ ပြုလုပ်နည်းသင်တန်း ဆင်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
May 29,2022
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားရှိ ဆောင်ရွက်လျက်ရှိရာ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။