အမြို့မြို့အနယ်နယ်သတင်းများ

May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ကျေးစာရေးများအား ယမန်နေ့နံနက်ပိုင်း က အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုသတ်မှတ်ပြီး အသုတ်လိုက်ခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
May 29,2022
စစ်ကိုင်းမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို မေ(၂၈)ရက်၊ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြိုကာလတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရွှေတောင်မြို့နယ်၊
May 29,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကင်မွန်းဒေါင့်ကျေးရွာနှင့် ဖြူကန်ကျေးရွာသို့ ယမန်နေ့နံနက် ၉ နာရီက ဓါတ်အားစတင်ပို့လွှတ်ခြင်းနှင့် ကင်မွန်းဒေါင့်ကျေးရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းနိုင်စိုး၊ မြို့မစခန်းမှူး၊ မင်းတုန်းလျှပ်စစ်ဓါတ်အားခွဲရုံမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
May 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊  သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရေးနှင့် ဒေသတွင်း အပူချိန်လျော့ကျလာစေပြီး
May 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်များအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။