အမြို့မြို့အနယ်နယ်သတင်းများ

May 29,2022
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အထက (ခွဲ) စျေးတန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 29,2022
မင်းဘူးမြို့ရှိ ပွဲရုံများတွင် ပဲတီစိမ်းဈေး ၁၉ ပိဿာ တစ်တင်းလျှင် ၄၈၀၀၀ ကျပ်၊ ပိဿာ ၂၀ တစ်တင်းလျှင် ၅၀၅၀၀ ကျပ် ဈေးများဖြင့် ပွဲဦးထွက် ဈေးကောင်းရနေကြောင်း အမှတ် (၃) ပွဲရုံပိုင်ရှင် ဦးတင်မောင်ထွန်းထံမှ သိရသည်။
May 29,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် မေ ၂၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ကာ နေအိမ်များ ပျက်စီးခဲ့သော ဝေးလံခေါင်ဖျားသော ကျေးရွာနှစ်ရွာရှိ  အိမ်ထောင်စုများအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့က ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက  ကွင်းဆင်းပေးအပ်ခဲ့ကြသည်။
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကသာမြို့တော်ခန်းမတွင် ကျင်းပသည်။
May 29,2022
​​ကျောင်းသူ​၊ ကျောင်းသားများ ကာယညာဏ ဖွံ့ဖြိုးတိုးတက်​စေ​ရေးရည်ရွယ်၍ ကရင်ပြည်နယ်၊​ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ Community Certre တွင် ပညာ​ရေးဦးစီးဌာန၊ အား/ကာဦးစီးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူး​ပေါင်း၍ Physical Fitness Dance သင်တန်းကို​ ယမန်​နေ့ည​နေ (၃)နာရီချိန်က ပြုလုပ်ကျင်းပခဲ့သည်။
May 29,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
May 29,2022
တောတောင်ပျက်ပြုန်း၊ မြေဆီသုဉ်း၏၊ ဥတုရာသီ၊ တောကိုမှီ၏၊ ပူနွေးကမ္ဘာ၊ တားဆီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု၊ သစ်တောတွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏ ဆိုသည့်သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့်ဆောင်ပုဒ်များကို အမြဲအလေးထားပြီး သစ်တော သစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်မှုနေမှုအား ကာကွယ်ထိန်းသိမ်းနိုင်စေရေး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား နိုင်ငံတစ်ဝန်းလုံး၌ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။