အမြို့မြို့အနယ်နယ်သတင်းများ

Jun 26,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင် ရာများမှဝန်ထမ်းများစုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက ၁ ကျောင်း၌ ယမန်နေ့နံနက် ၇ နာရီ အချိန်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသူ၊ ကျောင်းသားများ ခြင်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးဌာနများတို့မှ ဝန်ထမ်း ၁၀၀ ဦးခန့်တို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး၊ မြို့နယ်သစ်တောဦးစီးဌာနနှင့်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ်တို့၏စီစဉ်မှုဖြင့် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးပွဲကို ယမန်‌နေ့နံနက်၉နာရီက ဆေးရုံဝန်းအတွင်း သတ်မှတ်နေရာတွင် ပျော်ရွှင်စွာစိုက်ပျိုးပေးခဲ့သည်။
Jun 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (ဦးကျေး)ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းတွင်
Jun 26,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ မိုးစပါးစိုက် တောင်သူများအတွက် စိုက်ပျိုးရေများ ပေးလွှတ်နေပြီဖြစ်သည့်အတွက် တောင်သူများက မိုးစပါးများအချိန်မီ စိုက်ပျိုးဆောင်ရွက်သွားနိုင်ရန် မြေပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
Jun 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် (ဂ) ရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြည့်ဆည်းဆောင် ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က လောင်းလုံးမြို့ (ဂ) ရပ်ကွက်၊ အ-မ-က ကျောင်းခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jun 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါးရာသီ ဧက (၁၀၀) တစ်ဧကတင်း (၁၀၀) အထွက်နှုန်း ထွက်ရှိရေး စံပြကွက်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို မြေဆီလွှာအတွင်း ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် မေရီလန်းကျေးရွာ တောင်သူ ဦးဝင်းမြင့်ဦး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။