အမြို့မြို့အနယ်နယ်သတင်းများ

Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ လီဆူစာပေယဉ်ကျေးမှုအဖွဲ့ ကျောင်းအုပ်ဆရာ ဦးလာလေး၏ ရွှေလင်းယုန်ကိုယ်ပိုင်ကျောင်း၌  ကျောင်းသူ/သားများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
Jun 26,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို ခေတ်မီစိုက်ပျိုးနည်း စနစ်များဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်နိုင်စေရန်အတွက်
Jun 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ တောင်သူအစုအဖွဲ့တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ အသုံးတော်ကျေးရွာအုပ်စု၊ ပုန်းတန်ကျေးရွာ၊ တောင်သူအစုအဖွဲ့ဖြစ်သည့် ဦးခွန်သူရအောင် ဦးခွန်လှနေနှင့်ဦးခွန်အေးဖေတို့၏ ယာမြေ ၁.၅ ဧကတွင်ပြုလုပ်ခဲ့သည်။
Jun 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂ -၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်းတုံးပိတ်စိုက်ပျိုးပွဲကို ယနေ့ ညနေ ၃ နာရီက ကန်ဇွန်းခုံ ကျေးရွာအုပ်စုကွင်းအမှတ် (၂၃၅) ကန်ပေါ်ကုန်းကွင်း ၀.၅ ဧက ဦးဝေစိုး၏ ယာမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 26,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ အခြေခံပညာ မူလတန်းလွန် (မြို့သစ်) ကျောင်းခြံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
Jun 26,2022
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သန့်ရှင်းသာယာလှပစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးကို တာဝန် ရှိသူများက အဆိုပါတက္ကသိုလ်တွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jun 26,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝါးတော)နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jun 26,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် " နိုင်ငံသား စိစစ်ရေးကတ်ပြားများအကြောင်း သိကောင်းစရာများ၊ အသုံးဝင်ပုံ၊ လိုက်နာရမည့်အချက်များ အသိပညာပေးခြင်းနှင့်ပန်းခင်းစီမံချက်" ဖြင့် ကွင်းဆင်းဆောင်ရွက်ထားရှိသော နိုင်ငံသားစိစစ်‌ရေးကတ်ပြားများကို ရှမ်းတဲကြီးကျေးရွာတွင် ပြည်သူများထံ လက်ဝယ်အရောက် ယနေ့နံနက် ၉ နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။