အမြို့မြို့အနယ်နယ်သတင်းများ

Jul 04,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရေဝင်ရောက်သည့် အိမ်ထောင်စု (၁၂၅)စုအား ဆန်နှင့်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉ နာရီ ပုန်ခုန်းရပ်ကွက်၊ လီဒိုလမ်းမကြီးပေါ်၌ ပြုလုပ်သည်။
Jul 04,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု‌‌သောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Jul 04,2022
လွယ်ဂျယ်−မိုးမောက် ကားလမ်းပိုင်းပျက်စီးသည့် နေရာအား ပြင်ဆင်ပြီးစီး၍ ယနေ့ နံနက်(၈)နာရီ မိနစ်(၃၀) အချိန်မှစတင်၍ မော်တော်ယာဉ်ငယ် များ စတင်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
Jul 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြခြင်းအခမ်းနားကို စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီကကျင်းပပြုလုပ်ခဲ့သည်။
Jul 04,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) GTI ကျောင်းမှ ကျောင်းသားများ မိုးရာသီကျောင်းသားပွဲတော် ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ဒုတိယအပတ်မှ စတင်ကာ အစိုးရရပ်ကွက်ရှိ မြို့မအားကစားကွင်းကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Jul 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ- ယာကြီး - ကလေးလမ်းဘေးရှိ ကွန်ပျူတာတက္ကသိုလ် (မုရွာ)၌ ၂၀၂၂ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၂ ရက်၊ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။
Jul 04,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြေစာရင်းပင်စင်အငြိမ်းစားများ လူမှုကူညီရေးအသင်း (၁၀)နှစ်ပြည့် အခမ်းအနားတွင် အသက်(၇၅)နှစ်နှင့် (၈၅)နှစ်ပြည့် ပင်စင်အငြိမ်းစားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့မကွက်သစ်ရပ်ကွက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌနေအိမ်တွင် ပြုလုပ် ခဲ့ကြသည်။
Jul 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ ၁၈နှစ်ကြား လူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ နောင်တောင်း ပရဟိတတပ်ဦးဘုန်းတော်ကြီးကျောင်း၌ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က ပြုလုပ်ခဲ့သည်။