Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းရှူးမြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jul 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်( ၉) နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ မိုးစပါးစိုက်ဧက ၇၆၀၀၀ ကျော်စိုက်ပျိုးရန်လျာထား
Jul 04,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၇၆၇၇၅ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုအချိန်တွင် စပါးများ စိုက်ပျိုးလျက်ရှိရာ ဧကပေါင်း ၅၀၀၄၈ ဧက စိုက်ပျိုး ပြီးစီးနေပြီးဖြစ်ကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် (GEC) ပညာရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပပြုလုပ်
Jul 04,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် (GEC) ပညာရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ ရှင်ဂျော့ဂျက်အသင်းတော် ဘုရားကျောင်းခန်းမတွင် စကောကရင်စာပေသင်တန်းဖွင့်လှစ်
Jul 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်လူမျိုး အများစုနေထိုင်သည့်အတွက် လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ ဘာသာစကားကိုတန်ဘိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ စကောကရင်စာပေသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ရှင်ဂျော့ဂျက် အသင်းတော်ဘုရားကျောင်းခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွား
Jul 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ယနေ့နံနက် အစောပိုင်းက (၃)နာရီအချိန်ခန့်မှစ၍ နံနက်(၉) နာရီခွဲခန့်ချိန်ထိ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် တောင်ကျရေကြီးစွာ စီးဆင်းလာပြီး မြို့ပေါ်ရှိရပ်ကွက်အချို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ ကျောင်းအခြေပြု အသက် (၅နှစ်မှ ၁၈နှစ်) ကြား ကျောင်းသား/သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jul 04,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅နှစ်မှ ၁၈နှစ်) ကြား ကျောင်းအခြေပြု ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့ နံနက်၉နာရီမှ စတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်း (၁၇)ကျောင်းတွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ဇီဇဝါလမ်းအုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Jul 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက်လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် အမှတ်(၂)ရပ်ကွက်၊ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများကို မေလနောက်ဆုံးပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေး
Jul 04,2022
"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့ နံနက်(၁၀)နာရီအချိန်မှ စတင်ကာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20109
Page
20110
Page
20111
Page
20112
Current page
20113
Page
20114
Page
20115
Page
20116
Page
20117
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department