အမြို့မြို့အနယ်နယ်သတင်းများ

Jul 04,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 04,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၀)နှစ်အောက်နှင့် အလွတ်တန်း စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင်-၂ ဦးတင်မောင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်း၊ ပြိုင်ပွဲဝင်ကျောင်းသားများ နှင့်ပြည်သူ(၂၂)ဦးတက်ရောက်ခဲ့ကြသည်။
Jul 04,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ  မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး ဦးဆောင်သော ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့သည် ယနေ့ နံနက်(၉)နာရီက မုံရွာမြို့နယ် ဗန္ဓုလရပ်ကွက်ရှိ ဝိသုဒ္ဓိတပ်ဦးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ  ဗန္ဓုလရပ်ကွက်ရှိ မိဘပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Jul 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်  ပွင့်ဖြူမြို့မဈေးနှင့် ကျေးလက်ဈေးများဖြစ်သည့် ရှောက်တောဈေး၊ ကုန်းဇောင်း‌ဈေး၊ လယ်ကိုင်းဈေးနှင့် ကျောင်းတော်ရာဈေးတို့အား ဈေးရောင်းဈေးဝယ်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းဝယ်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်များဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 04,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ
Jul 04,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း အခြေ ခံပညာ ကျောင်းသား၊ ကျောင်းသူများအား Sinopharm ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ ပေးခြင်းအား ယနေ့ နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော ကျောင်းခန်းမ၌ ပြုလုပ်ပေးလျက် ရှိသည်။
Jul 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် (၁၈)ကြိမ်မြောက် တစ်မြို့နယ်လုံး စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲကို သိန္နီမြို့ ရွှေဘုန်းပွင့်စေတီတော်မြတ် ဓမ္မာရုံတော်တွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။