အမြို့မြို့အနယ်နယ်သတင်းများ

Jul 04,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ) တွင် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်း အပတ်စဉ် (၃/၂၀၂၂) အခြေခံကွန်ပျူ တာသင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ်သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါသင်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်ခန်းမ၌ ကျင်းပသည်။
Jul 04,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jul 04,2022
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများဝတ်စားဆင်ယင်မှု ဆွေးနွေးပွဲစကားဝိုင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
Jul 04,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်၊​ ချောက်မြို့နယ်၌ စ​လေမြို့ဥမင်ကိုး​​ပေါက်လျှပ်စစ်မြစ်​ရေတင်စီမံကိန်းဖြင့် မိုးစပါး (၁၅)​ဧက စံပြကွက်စိုက်ပျိုးနိုင်ရန်​ တောင်သူများအား မိုးစပါးမျိုး​စေ့နှင့် သွင်းအားစုပစ္စည်းများ​ ထောက်ပံ့​ပေးအပ်ခြင်းကို  ယ​နေ့ နံနက် ၉နာရီအချိန်က စလေမြို့ စိုက်ပျိုး​ရေးရုံးတွင် ပြုလုပ်ခဲ့သည်။
Jul 04,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ အစားအစာဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project) မှ တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် သဘာဝဇီဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 04,2022
မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးအရာအဖွဲ့နှင့် ပူးပေါင်းကာ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်မှုကို ယမန်နေ့နံနက်(၁၁)နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ၌ ဇူလိုင်(၄)ရက် နံနက် (၈)နာရီအချိန်က လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား