အမြို့မြို့အနယ်နယ်သတင်းများ

Jul 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က လှည်းကူးမြို့နယ်၊ တောင်တလုတ်ရေကျော်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jul 04,2022
ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ရန်ကင်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ မြနန္နာလမ်း၊ အမှတ် (၂၉၈)ရှိ အလုပ်သမားဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)တို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈:၃၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် မိတ်ဆုံစားပွဲကို ယမန်နေ့ ညနေ(၅)နာရီအချိန်က ကမ္ဘောဆောင်(အမျိုးသား)နှင့် ယွန်းနဒီ(အမျိုးသမီး) အဆောင်တွင်ကျင်းပရာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Jul 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် ၂၃ ကြီမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး၊ပြိုင်ပွဲ တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံက်ပိုင်းက မြို့မစာကြည့်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 04,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မှ ရေလုပ်သားများသည် ငါးသယံဇာတထိန်းသိမ်းရေး ငါးမျိုးစိတ်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးအတွက် ငါးရစ်/ငါးသန်ကာလတွင် မြစ်ချောင်းများအတွင်း ရေချိုငါးဖမ်းခြင်းလုပ်ငန်းကို ရပ်နားထားကြောင်း သိရသည်။
Jul 04,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှအသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ကိုဗစ်-၁၉ ရောဂါညွန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Jul 04,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်း၌ ကလေးငယ်များ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ယနေ့မွန်းတည့် (၁၂)နာရီခွဲအချိန် က ပူစီးပေါင်းဖောက်ပြိုင်ပွဲနှင့် ပင်ပေါင်ဘောလုံးဇွန်းကိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။