အမြို့မြို့အနယ်နယ်သတင်းများ

Jul 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန် က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "လူငယ်နှင့်ဇွဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 04,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ရတနာစျာန်အောင် စေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၇ နာရီက သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရာ၊ အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်သလျှက် ဖားဆောင်းမြို့သူ၊ မြို့သားများ စုပေါင်း၍ ဆဌမအကြိမ်မြောက် အသံမစဲပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jul 04,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ကျောင်းသူမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (ဟင်းငုပ်ပင်) ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 04,2022
ကရင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး(၄) ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ပြည်နယ်အဆင့် ဒုတိယ အသုတ်သင်တန်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့သည်။
Jul 04,2022
၂ဝ၂၂ ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
Jul 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ သင်ကြားပြသသည့်ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 04,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အခြေခံပညာအထက် တန်းကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ အပြော စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်သည်။