အမြို့မြို့အနယ်နယ်သတင်းများ

Jul 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၅၅၂)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
Jul 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ပတ်တန်းကျေးရွာ တောင်သူဦးသိန်းလွင်၏ လယ်မြေ၌ ကောက်စိုက်စက်ဖြင့် တောင်သူများ လက်တွေ့သရုပ်ပြ မောင်းနှင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပသည်။
Jul 05,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အသိပညာပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ယင်လုံအိမ်သာများစစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 05,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် Phase-12 (Sinopharm) ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ဆေးထိုးနှံရန် အကျုံးဝင်သည့် လျာထားကျောင်းသား၊ကျောင်းသူဦးရေ (၈၉၀၆)ဦးရှိရာ (၁၀၁၀)ဦးအား ထိုးနှံပြီးကြောင်း သိရသည်။
Jul 05,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အောင်ဆုကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဖွေးဖွေးဖြူစင်ကိုယ်ပိုင် အထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
Jul 05,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၁-၂၀၂၂ ပညာသင် နှစ်၊ ပညာရည်ချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 05,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၊ အစိုးရနှင့် ပုဂ္ဂလိကရုံးဌာနများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စျေးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ အခြားအများနှင့် သက်ဆိုင်သောနေရာများ၊ ရပ်ကွက်များရှိ လူနေအိမ်များ၊ လမ်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဦးစားပေး အစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Jul 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရွှေကျင်မြို့နယ် စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုပြီး ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ(၁၄၇)ဦးတို့အား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရှမ်းကြေးရပ်ကွက် မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။