အမြို့မြို့အနယ်နယ်သတင်းများ

Jul 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့နံနက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်အရ တော်ဝင်မိုင်းယောင်း သမဝါယမအသင်းမှ ဆောင်ရွက်နေသော တန်(၄၀)ဆန်စက်အား ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jul 05,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းများ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တင်ဒါအောင်ကုမ္ပဏီများ၊ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jul 05,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဓမ္မစကြာဝတ်ရွတ်ဖက်ပူဇော်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Jul 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာကျောင်းများ၌ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 05,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးများစိုက်ပျိုးနိုင်ရန် ပျိုးထောင်ခြင်း၊ လယ်ယာမြေပြုပြင်ခြင်းနှင့် ထယ်ရေးခံ ထွန်ယက်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Jul 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က အခြေခံပညာအထက်တန်း (အနောက်ရပ်) ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။