Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖျာပုံမြို့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပ
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် နည်းလမ်းများအား သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Jul 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 05,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်း များ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများ ရောင်းချမှုများ မရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သော ချင်းပြည်နယ်မှ နိုင်ငံ့လက…
Jul 05,2022
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှိ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ချင်းပြည်နယ်မှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများနှင့် နည်းပြတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဟားခါး (အခြေချ) စစ်ဗျူဟာမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ်တွင် တောင်သူများအတွက် စိုက်ပျိုးစရိတ်များ ထုတ်ချေးပေး
Jul 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် တောင်သူများအတွက် စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ထုတ်ချေးပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး အစီအစဉ် ဆောင်ရွက်
Jul 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးအစီအစဉ်ကို ယနေ့နံနက် ၁၀နာရီအချိန်က အခြေခံပညာအထက်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒုံဝန်းကျေးရွာတွင် သံဃာအပါး ၄၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပြီး ဆွမ်းဆက်ကပ်လှူဒါန်း
Jul 05,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာသို့ ဆွမ်းဆန်စိမ်းအလှူခံကြွရောက်လာသည့် ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်မှ စာသင်သား ရဟန်း၊ သာမဏေ သံဃာတော် ၄၀၀ ကျော်တို့အား ယနေ့နံနက်ပိုင်းက ဒုံဝန်းကျေးရွာ၊ ရတနာဇေယျုံကျောင်းတိုက်၌ ကျေးရွာနေအလှူရှင်များက ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ကျေးရွာနေပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် ဉာဏ်တောကျောင်းတိုက်၊ ရွှေဉာဏ်မြေ ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်
Jul 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဉာဏ်တောအုပ်စု၊ ဉာဏ်တောကျောင်းတိုက် ရွှေဉာဏ်မြေ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20078
Page
20079
Page
20080
Page
20081
Current page
20082
Page
20083
Page
20084
Page
20085
Page
20086
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department