အမြို့မြို့အနယ်နယ်သတင်းများ

Jul 06,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့ ညနေ(၃)နာရီခွဲက တက္ကသိုလ် အားကစားကွင်း၌ ကျင်းပခဲ့သည်။
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော (Road Safety Education Traning) ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့မ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 06,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာတွင် ဂန္ဓာမာပန်းများ အောင်မြင်ဖြစ်ထွန်းပြီး နှုတ်ယူရောင်းချရသောကြောင့် မိသားစုနေ့စဉ် ပုံမှန်ဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jul 06,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာမူလတန်းကျောင်း(မောရဝတီ)၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း (မောရဝတီ)၊ အခြေခံပညာ မူလတန်းကျောင်း(မန်ဖွ)နှင့် အခြေခံပညာမူလတန်းကျောင်း(မဒန်ယန်)တို့မှ  အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံဆောင် ရွက်ပေးခဲ့သည်။
Jul 06,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်တွင် တည်ထောင်ဖွင့်လှစ်ထားသည့် သဒ္ဓမ္မပါလ ပညာဒါန ပရဟိတဖောင်ဒေးရှင်းသည် (၂၀၀၈)ခုနှစ် ဩဂုတ် (၂၈)ရက်နေ့တွင် သဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ပရဟိတစိတ်ဓာတ် အရင်းခံကြသည့် လူကြီး၊ လူငယ်များ၊ ဆရာ/မများနှင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး “ပညာဖြန့်ဝေ ဂုဏ်တင့်စေလှ သဒ္ဓမ္မပါလ ပရဟိတ” ဟူသော ၎င်းတို့၏ ဆောင်ပုဒ်နှင့်အညီ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းတို့တွင် ပညာသင်ကြားရန် ခက်ခဲနေသော ကျောင်းသား/သူများအား အဓိကရည်ရွယ်၍ နှစ်စဉ် အခမဲ့ပညာသင်ကြားပေးခြင်း၊ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက် ရှိနေသူများအတွက် လူမျိုးဘာသာ မခွဲခြားဘဲ တတ်စွမ်းသမျှ ထောက်ပံ့ကူညီ လှူဒါန်းလျက်ရှိသည်။