Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုဒုံမြို့၌ စိန်ရတု (၇၅)နှစ်မြောက် “အာဇာနည်နေ့” အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရေးစပ် သီကုံးပြိုင်ပွဲ ကျင်းပ
Jul 08,2022
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် စိန်ရတု (၇၅)နှစ်မြောက် “အာဇာနည်နေ့” အထိမ်းအမှတ်ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောပွဲနှင့် ကဗျာရေးစပ် သီကုံးပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းဆောင်ရွက်
Jul 08,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပညာရေးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး
Jul 08,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၁၈) အထက် ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီဝင်များ နှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံ နှင့် နောင်မိုကျေးရွာစုရပ်နေရာများသို့ ဆက်လက်ကွင်းဆင်းထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင…
Jul 08,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၁- ၂၀၂၂ ပညာသင်ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီချိန်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာတွင် ယမန်နေ့ (၉)နာရီအချိန်က ကွင်းအမှတ် (၅၃၁)၊ ဦးပိုင်အမှတ်(၁၄၅-က)ရှိလယ်မြေ(၅.၀)ဧကအား ( SEEDER) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသခဲ့ရာ တောင်သူ(၁၈)ဦးမှ လာရောက်လေ့လာကြပြီး မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဆွေက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ်အတွင်းရှိ စက်မှုမြို့တော်တွင် Shuang Xi (Pathein) Garment Co..,Ltd အထည်ချုပ်စက်ရုံ စမ်းသပ်လည်ပတ်
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့ရှိ စက်မှုမြို့တော်တွင် စမ်းသပ်လည်ပတ်လျှက်ရှိသော ShuangXi(Pathein) Garment Co..,Ltd အထည်ချုပ်စက်ရုံသည် ရင်းနှီးမြုပ်နှံမှုတန်ဘိုးအမေရိကန် ဒေါ်လာ ၂.၇၇၀ သန်းဖြင့် တည်ဆောက်ခဲ့ပြီး ပြင်ဆင်သည့်ကာလ (၁)နှစ်ခန့်ကြာမြင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ တွေ့ဆုံ မိတ်ဆက်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ…
Jul 08,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံ မိတ်ဆက်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 08,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ ဇူလိုင်လအတွင်း ကျေးရွာ(၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး” ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မဲတောကျေးရွာ အုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20068
Page
20069
Page
20070
Page
20071
Current page
20072
Page
20073
Page
20074
Page
20075
Page
20076
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department