Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖားဆောင်းမြို့နယ် ဝမ်အောင်းကယားကျေးရွာ၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 06,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ဝမ်အောင်းကယားကျေးရွာ အလယ်တန်းကျောင်း၌ ယမန်နေ့က မြို့နယ်ကျန်းမာရေးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် အခြင်အတွယ်၊ အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရေး ပုဂ္ဂလိက စက်သုံးဆီဆိုင်မ…
Jul 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အခြင်အတွယ်နှင့် အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ မိုးရာသီစိုက် နေကြာသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုအား ကွင်းဆင်းကြည့်ရှု
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးသည့် ချောင်းကျိုးကျေးရွာတောင်သူ ဦးမောင်လေး၏ ယာမြေတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ်(၅)ဧက အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများက ယမန်နေ့က အဆိုပါစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Jul 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အတွင်းရှိ Grade 1 မှ Grade 5 အဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်တွင် ရေပြင်အသက်ကယ်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက်၊ ဧရာဝတီမြစ် နေခြည်စျေးမော်တော်ဆိပ်တွင် ယနေ့နံနက်က ရေပြင် အသက်ကယ်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးဆောင်ရွက်မှုအား လက်တွေ့ ပြသ
Jul 06,2022
သဲကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၄) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးဆောင်ရွက်မှုအား လက်တွေ့ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက သဲကုန်းမြို့နယ် ဇလဲ့ကျေးရွာ အုပ်စု၊ လက်ပံတန်းကျေးရွာ ကွင်းအမှတ်(၉၆၀-ခ) တောင်သူဦးရဲထွဋ်ဝင်း၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထပ်မံထိုးနှံ
Jul 06,2022
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများ၊ ယာဉ်လိုင်းကုမ္ပဏီများမှ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း(၆၀၀)ဦးအား COVIDSHIELD အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများ ကျင်းပ
Jul 06,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့ ညနေ(၃)နာရီခွဲက တက္ကသိုလ် အားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20071
Page
20072
Page
20073
Page
20074
Current page
20075
Page
20076
Page
20077
Page
20078
Page
20079
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department