အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ နှင့်အတူ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာကြ စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး “သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ခြင်လောက်လန်းနှိမ်နင်းပေး” ဆိုသည့် ခြင်ကျားနှိမ်နင်းရေး အသိပညာပေးပိုစတာများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေး ကပ်ထားကြေညာခဲ့ကြကြောင်း သိရသည်။
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်
Jul 08,2022
မလှိုင်မြို့နယ်၌ Exim Bank ချေးငွေနှင့် Daedong လယ်ယာသုံးစက်ကိရိယာဘိုး ကာလွန်ကြွေးကျန်များ အပြေအကြေကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်သမဝါယမ အသင်းစုရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့်ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့ နံနက်က ပေါက်တုံးအိုင်ကျေးရွာသို့ ကွင်းဆင်း၍နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူ များ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရေဘေးပညာပေး စာစောင်များကို ယနေ့ နံနက် ၇ နာရီခွဲအချိန်မှ စတင်၍ သီရိရွှေသာဈေး၊ လူစည်ကားရာနေရာလမ်း၊ ရေဆိပ် များ၊ ခရီးသွားလာတို့ကို လက်ကမ်းဖြန့်ဝေပေးကြသည်။
Jul 08,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အသင်းသားမိသားစုဝင်များနှင့် ထူးချွန်စွာပညာသင်ကြားပေးခဲ့သော အသင်းဝင်ဆရာဆရာမများအား
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
Jul 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉) နာရီခွဲအချိန် က ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။