အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Youth Club) အဖွဲ့ဝင်များနှင့် ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော စာပေတာဝန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ စည်ပင်သာယာရေးဌာနမှ ပြည်သူများ အသုံးပြုသွားလာလျက်ရှိသောလမ်းများ ပိုမိုကောင်းမွန်စေရေးအတွက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သိန္နီမြို့ရပ်ကွက်(၃)အတွင်းရှိ စကားဝါလမ်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းသည် (၈၀%)ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 07,2022
တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်၍စံပြမိခင်ဝိုင်း ဆိုင်းဘုတ်ကိုယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ အောက်ထပ်၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊
Jul 07,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှ စတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ခဲ့ကြသည်။
Jul 07,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။