အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ကြသည်။
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားကာလတို သင်တန်း (၂/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jul 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်း‌ခေးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်(First dose) (Seconddose)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၊ မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ မူလတန်းလွန်နှင့်မူလတန်းကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် စာသင်ကျောင်းအခြေပြုကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို
Jul 07,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက် ၅ နှစ်မှ ၁၂ ကြား ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို အမှတ် (၃) အခြေခံပညာ မူလတန်း ကျောင်း၌ ယနေ့ နံနက် ၉ နာရီက စတင်ထိုးနှံခဲ့ကြောင်း သိရသည်။
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၇)ရက်နေ့၊နံနက်ပိုင်းမှစ၍ ပြည်သူ့ဆေးရုံကြီး၊ မြို့တော်ခန်းမ၊ ပညာရေးဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဒေသန္တရကျန်းမာရေးရုံးများ စသည့် ကာကွယ်ဆေးထိုးစုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 07,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများ ခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပထမအကြိမ်နှင့် ဒုတိယအကြိမ်အား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။