အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘေဟိုင်းမြို့တော်တွင် ယမန်နေ့ နံနက် (၈) နာရီက  မဲခေါင် - လန်ချန်း ဒေသတွင်း အစိုးရ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို Online နှင့် Offline ပေါင်းစပ်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 18,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျက်ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့  ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 18,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်  (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ အနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို  သိရှိ နားလည်စေပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ ရယူ ပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုးတန်ဖိုးထားတတ်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အဆင့်ပြိုင်ပွဲအား အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 18,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအဆင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုံ (Agro ecological Zone) များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကိုအခြေခံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။