ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့၊ နံနက်(၁၀)နာရီတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများကို မြို့နယ်အဆင့်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၆)ဦး၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၃)ဦး၊ အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၁၅)ဦး၊ ပိုစတာပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၄)ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၃)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပပြုလုပ်သော ခရိုင်အဆင့်၊ တိုင်းအဆင့်ပြိုင်ပွဲများသို့ အဆင့်ဆင့် ဆက်လက် ရွေးချယ်ဝင်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အဆင့်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့၊ အ.ထ.က သုဝဏ္ဏကျောင်း၌လည်းကောင်း၊ တိုင်းအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အ.ထ.က(၂)လသာကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)