Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်ဓာတ်အားပေးဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်သူများအား လျှပ်စစ်ချွေတာရေးနည်းလမ်းများ အသိပညာပေး
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်ဓာတ်အားပေးဖြန့်ဖြူးရေးလုပ်ငန်းက ပြည်သူများအား လျှပ်စစ်ဓာတ်အား ချွေတာနည်းများ သိရှိနိုင်ရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်ဖြင့် ဗီနိုင်းပိုစတာများအား ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြသထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် အထူးအလေးထားဆောင်ရွက်
Dec 20,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနှုတ်မြောင်း များအတွင်း ခြင်နှင့်ယင်များ ပေါက်ဖွားမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက တာမွေမြို့နယ် ဗညားဒလလမ်းတစ်လျှောက်ရှိ ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့ နေသော နုန်းများ၊ အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ Talk Show အစီအစဉ်ဆောင်ရွက်
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ Talk Show အစီအစဉ်ကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 20,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများက စာရေးဆရာ အောင်ကိုဦး(UMK)၏ “ကတိစကားလေး တစ်ခွန်း” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်(Omiငron) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ချက်များလိုက်လံနိုးဆော်
Dec 20,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးဆက်ပြန့်ပွား မှုလျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omiငron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်း ပါဝင်နိုင်ရေး အသိပညာပေးနိုးဆော်ခြင်းများ ကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဝန်ထမ်းများ မှ ယနေ့ နံနက်(၁၀)နာရီ က မြို့မဈေးကြီး နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကြေညာခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်း အမှတ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19526
Page
19527
Page
19528
Page
19529
Current page
19530
Page
19531
Page
19532
Page
19533
Page
19534
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department