အမြို့မြို့အနယ်နယ်သတင်းများ

Dec 20,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို ယနေ့ နံနက်က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ရာ စာပေဝါရှင်များ တက်ရောက်ကြည့်ရှု လေ့လာခဲ့သည်။
Dec 20,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမို စီးနင်း ခြင်းမပြုရန် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်း အချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
Dec 20,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ဝ ရက် နံနက် ၁၁ နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ်များ၌ ယမန်နေ့ က ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ အောက်ဆီဂျင် ထုတ်စက်ရုံဖြစ်မြောက်ရေးအဖွဲ့မှ ဒီဇင်ဘာလ(၁၆)ရက်နေ့က အောက်ဆီဂျင်ထုတ်စက်ရုံကို ကသာမြို့ “ဧရာကမ်းသာ” အောက်ဆီဂျင် အလှူတော်လူမှုရေးအသင်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ယခုအခါတွင် အဆိုပါအောက်ဆီဂျင်စက်ရုံကြီးမှ လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်များကို နေ့စဉ်ထုတ်လုပ်ပေးနိုင်သဖြင့် အလှူရှင်နှင့် စေတနာရှင်များက ဝမ်းသာလျက်ရှိကြောင်း သိရသည်။
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်ဓာတ်အားပေးဖြန့်ဖြူးရေးလုပ်ငန်းက ပြည်သူများအား လျှပ်စစ်ဓာတ်အား ချွေတာနည်းများ သိရှိနိုင်ရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်ဖြင့် ‌ဗီနိုင်းပိုစတာများအား ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြသထားကြောင်းသိရသည်။
Dec 20,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနှုတ်မြောင်း များအတွင်း ခြင်နှင့်ယင်များ ပေါက်ဖွားမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက တာမွေမြို့နယ် ဗညားဒလလမ်းတစ်လျှောက်ရှိ ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့ နေသော နုန်းများ၊ အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ Talk Show အစီအစဉ်ကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့သည်။