Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝေါမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွား
Oct 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်- မော်လမြိုင်ကားလမ်းဘေးရှိ မလေးရှား ပိတောက်ပင်သည် ဘုရားကြီးမြို့မှ ဝေါမြို့သို့ ဓာတ်အားပေးထားသော ဓာတ်တိုင်ပေါ်သို့ ပိကျကာ လမ်း၏တစ်ခြမ်းအား ပိတ်ဆို့သွားကြောင်းနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးရှေ့ရှိ ညောင်မုန့်စိတ်ပင်လဲပြိုခြင်းကြောင့် ဖုန်းတိုင် များလည်းကျိုးခဲ့ကြောင်း သိသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် သက်ကြီးပူဇော်ပွဲပြုလုပ်
Oct 08,2022
မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ၏ သီတင်းဝါလကျွတ်ချိန်ခါသာမယ စတုတ္ထအကြိမ်မြောက် ကျေးရွာလုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ဒုံဝန်းဘုရားငါးဆူဓမ္မာရုံ၌ ကျေးရွာရပ်မိရပ်ဖများ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကုန်တိုက်များ၊ စည်ပင် သာယာစျေးများနှင့် စတိုးဆိုင်များတွင် သီတင်းကျွတ်ကာလ၌ ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း) များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်း အချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေး၊ ဒဂုဏ်ညွန့်စျေးနှင့် Orange စျေးဝယ် စင်တာတို့တွင် ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်း သီတင်းကျွတ်ကာလ၌ ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါကဥပဒေအရ အရေးယူခံရနိုင်ကြောင်းကို စျေးသူ/သားများနှင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ် ကန်ကလေးကျေးရွာအုပ်စုအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့
Oct 08,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ် အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျှက်ရှိရာ ယမန်နေ့က ကန်ကလေးကျေးရွာ အတွင်းရှိ အဘိုအဘွား(၁၁)ဦး အား သွားရောက်ထောက်ပံ့ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ် ဂုဏ်ဆောင်ပွဲတော်ဖြစ်သော သီတင်းကျွတ်မီးမျှောပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Oct 08,2022
ရွှေကျင်မြို့နယ်တွင် မြို့နယ်ဂုဏ်ဆောင် သီတင်းကျွတ်မီးမျှောပူဇော်ပွဲအား ရှေးဘိုးဘွားများက ဦးဆောင်ပြီး ၁၂၁၃ ခုနှစ်မှစတင်၍ ကျင်းပခဲ့သော သီတင်းကျွတ်မီးမျှောပူဇော်ပွဲသည် နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး (၂၀၂၀၊၂၀၂၁)ခုနှစ်များတွင် Covid-19 ရောဂါဖြစ်ပွားမှုများ မြင့်မားချိန်တွင် အစဉ်အလာမပျက် (အကျဉ်းချုံး)ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင်လည်း Covid - 19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုတ်မပျက် ထိုးနှံပေး
Oct 08,2022
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသအမျိုးသမီးငယ်များအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းဆင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်
Oct 08,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က မင်းပြားမြို့ရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့တွင် ကျင့်ဝတ်နှင့် ကိုယ်ရည်ကိုယ်သွေးအကြောင်း သိကောင်းစရာ TalkShow ဆောင်ရွက်
Oct 08,2022
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် မြို့နယ်မြို့နယ် အမျိုးသမီးရေးအရာ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်၍ “ကျင့်ဝတ်နှင့်ကိုယ်ရည် ကိုယ်သွေးအကြောင်း သိကောင်းစရာ” TalkShow ဆွေးနွေးမှုကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18530
Page
18531
Page
18532
Page
18533
Current page
18534
Page
18535
Page
18536
Page
18537
Page
18538
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department