အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2022
၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ (၉) ရက်နေ့သည်  ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိ ပူဇော်သော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည်။
Oct 09,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာရှိ လပြည့်ဝန်းလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ (၁၀) ကြိမ်မြောက် သက်ကြီးအဖိုး/အဖွားများအား စုပေါင်း ပူဇော်ကန်တော့ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လပြည့်ဝန်း လူမှုကူညီရေးအသင်း ဧရာဝတီ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 09,2022
မွန်ပြည်နယ်  မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၄၈) ကြိမ်မြောက် သီတင်းကျွတ်လပြည့် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။
Oct 09,2022
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်က ဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရှင်ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှစ၍ ၄၅ ဝါကာလပတ်လုံး မြို့ရွာများ၌ ဝါကပ်တော်မူရာ ဆဋ္ဌမဝါတွင် မကုဠတောင်၊ ချရားတောတွင် ဝါဆိုတော်မူပြီးနောက် သတ္တမဝါကို တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ် သားကို အမှူးထား၍ လောကဓာတ်တစ်သောင်းမှ ရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်း တို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူသည်။
Oct 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ ဘုရားကြီး၌ နှစ်စဉ်ကျင်းပသော ဝါထွက်ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ (သီတင်းကျွတ်လဆန်း ၁၄ ) ရက်နေ့နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “လေးကျွန်းမာရ်အောင်စေတီတော်” တောင်ဘက် မုဒ်ဦးအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့၊ ယနေ့နံနက် ၉ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦးကျောင်းတိုက်၊ လေးကျွန်းမာရ်အောင် ဗုဒ္ဓဝိဟာရဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။