Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲပြုလုပ်ရန် ဩဝါဒစရိယ ဆရာတော်ကြီးများထံ ဩဝါဒခံယူပွဲပြုလုပ်
Oct 08,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တော်ဖွင့်ပွဲပြုလုပ်ရန် ဩဝါဒစရိယ ဆရာတော်ကြီးများထံ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်၉ နာရီတွင်ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၊ သဲရိုးကျေးရွာ(၁)တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Oct 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ သဲရိုးကျေးရွာ(၁)တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ လူနေအိမ်များနှင့် နီးကပ်လာသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါသဲရိုးကျေးရွာ(၁)တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Oct 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် သန့်ရှင်းသာယာလှပရေးစေရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၇း၀၀)အချိန်က အမှတ်(၁၀)ရပ်ကွက် အောင်မြေသာစည်လမ်းရှိအောင်မြေသာစည်ဘုန်တော်ကြီးကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး
Oct 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရုံးဒေါင့်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ မိုးစပါးစိုက်တောင်သူများကို နိုင်ငံတော်သတ်မှတ်ဈေးနှုန်းဖြင့် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Oct 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် မိုးစပါးစိုက်တောင်သူများကို နိုင်ငံတော်သတ်မှတ်ဈေးနှုန်းဖြင့် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေး
Oct 08,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေးအဆင် ပြေစေရေးအတွက် အခြေခံစားသောက် ကုန်ဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပေါက်-ပခုက္ကူကားလမ်းမကြီး ဘေး၌ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ် စူဠာမုနိကုသိုလ်တော်ဘုရားကြီး၌ ဝါတွင်းကာလ (၃)လအတွင်း (၃၆)ကြိမ်မြောက် ဓမ္မစကြာရွတ်ပွားပူဇော်ခဲ့ကြသည့် ဓမ္မစကြာဝတ်အသင်းများအားဂုဏ်ပြုပ…
Oct 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ စူဠာမုနိကုသိုလ်တော်ဘုရားကြီးတွင်(၃၆)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့နှင့် ဝါတွင်းကာလ(၃)လအတွင်း လပြည့်/လကွယ် ဥပုသ်(၈)ရက်နေ့များတွင်အဆက်မပြတ် ဓမ္မစကြာရွတ်ပွားပူဇော်ခဲ့ကြသည့် ဓမ္မစကြာဝတ်အသင်း (၄၇)သင်းအား ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက် (၆း၀၀)အချိန်၌ သံဃာတော်များအား အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခြင်းကို စူဠာမုနိကုသိုလ်တော်ဘုရားကြီး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Oct 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ရွှေပန်းကုန်းကျေးရွာတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျုံတနီးကျေးရွာအုပ်စု၊ ရွှေပန်းကုံးကျေးရွာ၊ ပပ္ပတဘုရားဝန်းအတွင်းရှိ၊ ဒေါ်နီတန်ဆောင်းတော်ကြီးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18531
Page
18532
Page
18533
Page
18534
Current page
18535
Page
18536
Page
18537
Page
18538
Page
18539
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department