Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးညိုမြို့နယ်ရှိ ရွှေဘုန်းပွင့် ဆုတောင်းပြည့် ဖောင်တော်ဦး စေတီတော်မြတ်ကြီးတွင် ဘုရားဖူး လာရောက်သူများဖြင့် စည်ကားလျက်ရှိ
Oct 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာရှိ မဏိစည်သူ မင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့် ဆုတောင်းပြည့် ဖောင်တော်ဦး စေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်၏ အထင်ကရ ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ ရိုးရာယဉ်ကျေးမှုဟန်များဖြင့် ပြုပ…
Oct 08,2022
ကချင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး မေခမြစ်နှင့် မလိခမြစ်တို့ ဆုံဆည်းရာမှ ဧရာဝတီမြစ်အဖြစ်စတင်စီးဆင်းရာ မြစ်ဆုံနေရာသည် ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များလာ ရောက်အပန်းဖြေလည်ပတ်စရာနေရာ တစ်ခုဖြစ်သောကြောင့် ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်းအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် မြို့နယ်ဂုဏ်ဆောင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Oct 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ မြို့နယ်စာရေးဆရာအသင်းဝင်ကဒ်ပေးအပ်ပွဲ ကျင်းပ
Oct 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှပေးအပ်သော မြို့နယ်စာရေးဆရာအသင်းဝင်ကဒ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင…
Oct 08,2022
“မြန်မာနိုင်ငံတွင်း မီတင်းနေထိုင်နေကြသူ အားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်း နိုင်ရန် အတွက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဟာ ဒီမျှော်မှန်းချက်ကို အခြေခံပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်"
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့ကြသော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြ…
Oct 08,2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများဖြစ်သော ဘတ်စကက်ဘောပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘိလိယက်/စနူကာ ပြိုင်ပွဲတို့တွင် ရွေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား…
Oct 08,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်းရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပသော ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီ တော်၊ ပုညရှင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူတ…
Oct 08,2022
စစ်ကိုင်းတိုင်ဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်၊ ပုညရှင် သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ် တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18529
Page
18530
Page
18531
Page
18532
Current page
18533
Page
18534
Page
18535
Page
18536
Page
18537
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department