အမြို့မြို့အနယ်နယ်သတင်းများ

Oct 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းပိုင် နိဗ္ဗာန်ယာဉ် ဝယ်ယူရန်အတွက် အလှူရှင်များမှ ယနေ့နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
Oct 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား၏ အင်းရေပြင်ပေါ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် ဆီမီး(၁၅၀၀)မီးမျှောပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Oct 10,2022
ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာ ရွေ့ပြောင်းအလုပ်သမားများအနက် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသည့် အလုပ်သမားကိုးဦးအား ယမန်နေ့က အသွားအလာကန့်သတ်ထားကာ ဆေးဝါးကုသမှုခံယူ လျက်ရှိကြောင်း ကော့သောင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် သိရသည်။
Oct 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အလေးမြတ်ပြုရာ လတစ်လဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့နှင့် ပွဲတော်နေ့များတွင် စေတီဘုရား၊ ကျောင်းကန်များတွင် အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ကြခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် မီးထွန်းပွဲများ ပြုလုပ်ကြသည်။
Oct 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများသည် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့) တွင် ဆင်ဆွဲပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Oct 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ကောင်းမှုကုသိုလ်ပြုကြသူများ မီးထွန်းပွဲတော်များ အစဉ် အလာမပျက် စည်ကားသိုက်မြိုက် ပျော်ရွင်စွာကျင်းပခဲ့ပြီး ယနေ့ညအထိ ကျင်းပသွားမည်ကြောင်း သိရသည်။
Oct 10,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ) နေ့ ဆီမီးတစ်ထောင်ပန်းတစ်ထောင် ပူဇော်ခြင်းကို မြတ်ညီနောင်စေတီတော်ရင်ပြင်ပေါ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ထွန်းညှိပူဇော်ခဲ့ကြသည်။