Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာတွင် ဗုဒ္ဓရုပ်ပွားတော်မြတ်အား လှည့်လည်အပူဇော်ခံခြင်းနှင့် မီးထွန်းပွဲပြုလုပ်
Oct 10,2022
၁၃၈၄ခု၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ကိုးတောင်ပြည့်ဘုရား၌ ကျေးရွာနေပြည်သူများ၊ အလှူရှင်များစုပေါင်း၍ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဒေသစာရီလှည့်လည်အပူဇော်ခံခြင်း၊ မီးထွန်းပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)တွင် မြဝတီမြို့နယ် အတွင်းရှိ ဘုရားစေတီ ပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အထူးစည်ကားလျက်ရှိ
Oct 10,2022
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံ အားထုတ်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့တွင် ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ဒေသစာရီကြွချီ
Oct 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ပြည်လုံးချမ်းသာဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို (သီတင်းကျွတ်လပြည့်နေ့) ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ မဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကျင်းပ
Oct 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နှင့်အနီးဝန်းကျင်ရှိ ကျောင်းတိုက် (၁၉) ကျောင်းမှ ဂိုဏ်ပေါင်းစုံ ဆရာတော်၊ သံဃာတော်အပါး (၈၆) ပါးတို့အား သံဃာဒါနမဟာပဝါရဏာ သိမ်ဆင်းလောင်းလှူပွဲကို ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ သိမ်တော်ကြီးလမ်းရှိ ရှင်ဆပဒရဟန္တာသိမ်တော်မြတ်ကြီးတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့၌ သီတင်းကျွတ်အခါသမယ ဘုရားဖူးများဖြင့်စည်ကား
Oct 10,2022
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဝါကျွတ်ပွဲတော်ကို ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် ဘုရားစေတီများ၊ ကျောင်းများတွင် အေးချမ်းစွာကုသိုလ်ဒါနပြုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် သံဃာတော် (၁၈၀)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
Oct 10,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့လုံးကျွတ် သံဃပဝါရဏာပွဲနှင့် ဆွမ်းဆန် စိမ်းလောင်း လှူပွဲကို ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပိတ်ပွဲ၊ ဆွမ်းဆန်တော်နှင့် လှူ…
Oct 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်း၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းပိတ်ပွဲ၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မဟာမုနိ ဘုရားကြီးတွင် ဘုရားဖူး ပြည်သူများဖြင့် စည်ကား
Oct 10,2022
ယမန်နေ့၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ခဲ့ကြပြီး ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18477
Page
18478
Page
18479
Page
18480
Current page
18481
Page
18482
Page
18483
Page
18484
Page
18485
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department