Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပခုက္ကူမြို့၌ မြန်မာ့ရိုးရာရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေး
Oct 10,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေးအတွက် ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများနှင့် အတတ်ပညာများ ပိုမိုထွန်းကားကျယ်ပြန့်စေရေး၊ ရက်ကန်းပညာရှင်များတိုးပွား လာစေရေးတို့အတွက် ရည်ရွယ်ကာ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကား
Oct 10,2022
ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်/ အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်
Oct 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီအချိန်က ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်
Oct 10,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ဈေးများတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီတော်၌ အစဉ်အလာမပြတ် ဆီမီး၊ ပန်း၊ နံ့သာ ပူဇော်ပွဲပြုလုပ် …
Oct 10,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ရွာကြီးကျေးရွာအနီးရှိ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီတော်၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ယမန်နေ့နံနက်ပိုင်းမှစ၍ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားပြီး အစဉ်အလာမပြတ် ဆီမီး၊ ပန်း၊ နံ့သာပူဇော်ပွဲကို ပြုလုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်မြို့အတွင်းရှိ ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးပြည်သူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကား
Oct 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အတွင်းရှိ ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ ယမန်နေ့ညနေပိုင်းတွင် ဘုရားလာရောက် ဖူးမျှော် သူများ ဆီမီးရေချမ်း ကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့ည မဟာမြတ်မုနိဘုရားကြီးတွင် ဆီမီးကပ်လှူပူဇော်သူများဖြင့် စည်ကား
Oct 10,2022
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ညပိုင်း ဆီမီးကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့ ရွှေမုဌောမဟာစေတီတော်မြတ်ကြီးအပါအဝင် ဘုရားစေတီပုထိုးများ၌ သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားဖူးသူများဖြင့်စည်ကား
Oct 10,2022
ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောစေတီတော်မြတ်ကြီး အပါအဝင်ဘုရား စေတီပုထိုးများ၌ ယမန်နေ့ညပိုင်း (သီတင်းကျွတ်လပြည့်) က ဘုရားဖူးပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18472
Page
18473
Page
18474
Page
18475
Current page
18476
Page
18477
Page
18478
Page
18479
Page
18480
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department