Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ” အသိပညာပေးနံရံကပ်စာစောင်ပြသ
Oct 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ” အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign အရှိန်မြှင့်တင် ဆောင်ရွက်
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထများ ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စျေးရောင်းစျေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီခွဲ အချိန်က အမှတ် (၃) ရပ်ကွက်၊ မြို့မစျေးကြီးအနီး (၇)ဖြတ်လမ်းနှင့် ဦးစန္ဒာလမ်းမကြီး လမ်းဆုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် (၁၁း၃၀)နာရီအချိန်တွင် ကျူံကူးတိုက်နယ်ရှိ ကျေးရွာအုပ်စု (၈)အုပ်စုသို့ ကွင်းဆင်းသွားရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်−၁၉(အိုမီခရွန်)ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ…
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ(အိုမီခရွန်) ကြိုတင်ကာကွယ်နိုင်ရေးနှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉(အိုမီခရွန်)ဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့်
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) အပိုဆောင်းထိုးနှံ
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ ကျူတောကျေးရွာ အသင်းတော်ခန်းမဆောင်တွင် ယနေ့ နံနက် (၉)နာရီမှစတင်၍ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Booster အပိုဆောင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ဝင်ငွေတိုးဖို့ စိုက်ကြပါစို့ ဆီနေကြာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်
Oct 13,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် မြို့နေတောင်ယာစိုက်သူများအား အသိပညာဗဟုသုတရရှိစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး နေကြာဆီတိုးချဲ့ စိုက်ပျိုးနိုင်ကြစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်ကစုကလိမြို့ ပြည်သူ့စာကြည့်တိုက် Community Center တွင် ကျင်းပပြုလုပ်ခဲ့ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝ…
Oct 13,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးတို့ ကူးစက်ခံရခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများအား ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ကာ ဒေါပုံမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်စာငှားမိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျ အခမဲ့ငှားရမ်းပေးလျက်ရှိ
Oct 13,2022
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18385
Page
18386
Page
18387
Page
18388
Current page
18389
Page
18390
Page
18391
Page
18392
Page
18393
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department