အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Basic Rhythm ဂစ်တာတီး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန ဒုတိယထပ်၌ ကျင်းပသည်။
Oct 15,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 15,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နေ့လည်အချိန်က ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေး ပွဲ (Talk Show) အစီအစဉ်ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။
Oct 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် သပြေပန်းစိုက်ပျိုးသူများ မိသားစုအတွက် နေ့စဉ်ပုံမှန်ရရှိခြင်းကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Oct 15,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ကျောင်းသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး အဆင်ပြေချောမွေ့စွာ ပေါင်းသင်းဆက်ဆံတတ်စေရန် ရည်ရွယ်၍ စာရေးဆရာဌေးကြည်(စလင်း)ရေးသားသည့် ''ပင်လယ်မျှော်စင်'' ခေါင်းစည်ဖြင့် ယနေ့နံနက်၁၀နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်ယနေ့နံနက်(၉) နာရီအချိန်က ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၂/၂၀၂၂)သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
Oct 15,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက လဦးရေများ တိုက်ဆိုင်စစ်ဆေးမှု အခြေအနေနှင့်မဲရုံများ ပြန်လည်လျာထားသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။
Oct 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသု ရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများ အနေဖြင့် သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ လာရောက်၍ စာအုပ်စာ‌စောင်များ လေ့လာဖတ်ရှုကြ‌ကြောင်း သိရသည်။၊