အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျီးသဲကျေးရွာအုပ်စု၊ ညောင်လှကျေးရွာနှင့် နွားခြံကုန်းကျေးရွာအုပ်စု၊ ဆေးပုလဲကုန်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 13,2022
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အိမ်ပြင်ထွက်သွားလာကြသည့် ပြည်သူ့များအား  Mask နှာခေါင်းစည်းတပ်ဆင်၍သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲချိန်က မြို့မစျေးကြီးရှေ့တွင် သွားလာနေသည့် ပြည်သူများအား  Mask နှာခေါင်းစည်း   အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Oct 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့သည်။
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆောင်သော စိုက်ပျိုးရေး ဝန်ထမ်းများက ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧကပြည့်မီရေးနှင့် စပါးဖျက်ပိုးကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် ရည်ရွယ်၍ တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ကြသည်။
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် သတ်မှတ်စည်းကမ်းနှင့် အညီမောင်းနှင်စေရေးရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မေတ္တာမီးအိမ် စာကြည့်တိုက်တွင်ပြုလုပ်ခဲ့သည်။
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားထားသော ဘဝချမ်းသာစာအုပ်ဖြင့်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။