အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ လိုင်စင်မဲ့ယာဉ်များ စီးနင်း မောင်းနှင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာ နေရာများနှင့် ယာဉ်သွားလာမှု များပြား သောနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ဝန်ထမ်းများအနေဖြင့် စာပေဖတ်ရှုချင်သော်လည်း ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ရန် မအားလပ်သောကြောင့်
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ခါချဉ် ကျေးရွာ၌ အောက်တိုဘာ (၈)ရက်နေ့တွင် အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သည့် အတွက် ယနေ့ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ သေဆုံးသူအတွက် ၎င်း၏ မိသားစုဝင်များထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ငွေကျပ်(၃)သိန်းတိတိအား ထောက်ပံ့ပေးအပ်ခဲ့သည်။
Oct 12,2022
လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များ တိုးပွားလာစေရန် အားလပ်ချိန်အား အကျိုးရှိစွာ အသုံးချနိုင်စေရန် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်း စာငှားရမ်းခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင်၊ ဒုတိယဦးစီးမှူးနှင့်    ဒေါ်နှင်းအိအိခိုင်၊စာထောက်-၃ တို့က ယနေ့မွန်းလွဲ (၁) နာရီကမြို့နယ် စာရင်းစစ်ရုံးတွင် အခမဲ့ ငှားရမ်းပေးခဲ့သည်။
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီး ကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
Oct 12,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၏ ဦးဆောင်မှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနခွဲ (ထားဝယ်ရုံး)မှ တာဝန်ရှိသူများက  မြိတ်မြို့ ရေပုန်းရပ်ကွက်ရှိ သံဃာ့ဆေးရုံတွင်  မြိတ်ခရိုင် အတွင်းရှိ သံဃာတော်နှင့် သီလရှင်များ၏ နိုင်ငံကူးလက်မှတ်များအား  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Oct 12,2022
သီတင်းကျွတ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ဘားအံမြို့၊ ဂေါက်ကလပ်၌ ကျင်းပရာ ဘားအံဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ သူရမြင့်သူက ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘားအံဂေါက် ကလပ်ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ဂေါက်ကလပ် (Member) ဝင်များက အလှူငွေများ ထည့်ဝင်လှူဒါန်းပေးကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဘားအံ ဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။