Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းတွေ့ဆုံပွဲကျင်းပ
Oct 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် ကျောက်မဲကျေးရွာမှ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ
Oct 12,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးရဲထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်(၁) နာရီက ကျောက်မဲကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Oct 12,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ်ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲကာ သက်ဆိုင်ရာကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ပထမအကြိမ်အဖြစ်ထိုးနှံပေးပြီးသည့် ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ်ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကို ခရမ်းမြို့ သကျမာရိဇိန်သွန်းဘုရားကြီး၏ သာသနဗိမ္မာန်ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာယာစက်ရုံ အခြေခံပညာအလယ်တန်းကျောင်း၌ ရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်
Oct 12,2022
မွန်ပြည်နယ်၊ သထုံမြိုနယ် ကြာပန်းကျေးရွာ၊ တာယာစက်ရုံဝန်းအတွင်းရှိ အလက (တာယာစက်ရုံ) ကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပညာရေးမှုးရုံးတို့ ပူးပေါင်းကာ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဆက်လက်ရောင်းချပေး
Oct 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားဥပစာလမ်း၌ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း
Oct 12,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဆွမ်း/ကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်း၊သံဃာ၊ သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ များကိုယနေ့နံနက်ပိုင်းတွင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း သုံးမြို့နယ်ပေါင်း၍ လုပ်ငန်းညှိနှိုင်းစည်းဝေး
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ပေါင်း၍ သီးနှံစိုက်ပျိုးထုတ် လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့နယ်ရှိ အသက်(၈၅)နှစ်အထက်အဘိုးအဘွားများအား လူမှုရေးပင်စင်ငွေများ ကွင်းဆင်းထောက်ပ့ံပေး
Oct 12,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးကောင်းမွန်၍ အာဟာရဖွံ့ဖြိုးစေရန်အတွက် လူမှုရေးပင်စင်ငွေနှင့် အာဟာရမုန့်များကို ယနေ့နံနက်(၁၀)နာရီက အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18377
Page
18378
Page
18379
Page
18380
Current page
18381
Page
18382
Page
18383
Page
18384
Page
18385
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department