အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးတို့ ကူးစက်ခံရခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများအား ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ကာ ဒေါပုံမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 13,2022
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Oct 13,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျေ
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်ရှိနိဗ္ဗာန်ဆိပ်ဦးဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့‌ ဈေး၌ ယနေ့နံနက်က အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့သည်။
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က မူလတန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲအဖြစ် ကြိုတင်ကာကွယ်ဘေးအန္တရယ် ကစားရင်းနှင့်သင်ယူမယ် Riskland Game ကစားခြင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့တွင် မီးသတ်ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 13,2022
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပူစီပေါင်းဖောက်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ( Community  Centre)ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။