Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာယာဝတီမြို့ အလယ်ကုန်းရပ်ကွက် ရတနာလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်
Oct 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ အလယ်ကုန်းရပ်ကွက် ရတနာလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် တောင်သူများကို နေကြာမျိုးစေ့နှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်၍ နေကြာမျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြသ
Oct 13,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြိုနယ်တွင် တောင်သူများကို နေကြာမျိုးစေ့၊မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာအနီးရှိ နမ့်စန်စိုက်ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိူးထားသည့် နေကြာမျိုးစေ့ထုတ် ဧက(၅၀) စိုက်ခင်းရှေ့တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပ
Oct 13,2022
နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်
Oct 13,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသနေပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး (Talk Show)ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Oct 13,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ် မြို့မစာကြည့်တိုက် နှစ်ပတ်လည်အခမ်းအနားနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မစာကြည့်တိုက် နှစ်ပတ်လည်အခမ်းအနားနှင့် စာရေးဆရာမနွေးထွေး (ပုသိမ်ကြီး) စိန်ရတုမွေးနေ့ အထိမ်းအမှတ် စာအုပ်လှူဒါန်းပွဲကို အဆိုပါမြို့မစာကြည့်တိုက်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Oct 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီက (ပြန်/ဆက်)ဝန်ထမ်းများက သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် အားလပ်နေသော ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရေးအတွက်ရည်ရွယ်ပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၂ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18363
Page
18364
Page
18365
Page
18366
Current page
18367
Page
18368
Page
18369
Page
18370
Page
18371
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department