Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် သင်္ဘောသီးပင်စိုက်ပျိုးရာမှ မိသားစုအပိုဝင်ငွေရရှိ
Oct 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေတောင်သူများက မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသောစိုက်ခင်းများနှင့် အစေ့များဖြန့်ကြဲ၍ စိုက်ပျိုးထားသော သင်္ဘောပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ” အသိပညာပေးနံရံကပ်စာစောင်ပြသ
Oct 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ” အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign အရှိန်မြှင့်တင် ဆောင်ရွက်
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထများ ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စျေးရောင်းစျေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီခွဲ အချိန်က အမှတ် (၃) ရပ်ကွက်၊ မြို့မစျေးကြီးအနီး (၇)ဖြတ်လမ်းနှင့် ဦးစန္ဒာလမ်းမကြီး လမ်းဆုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် (၁၁း၃၀)နာရီအချိန်တွင် ကျူံကူးတိုက်နယ်ရှိ ကျေးရွာအုပ်စု (၈)အုပ်စုသို့ ကွင်းဆင်းသွားရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်−၁၉(အိုမီခရွန်)ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ…
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ(အိုမီခရွန်) ကြိုတင်ကာကွယ်နိုင်ရေးနှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉(အိုမီခရွန်)ဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့်
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) အပိုဆောင်းထိုးနှံ
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ ကျူတောကျေးရွာ အသင်းတော်ခန်းမဆောင်တွင် ယနေ့ နံနက် (၉)နာရီမှစတင်၍ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Booster အပိုဆောင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ဝင်ငွေတိုးဖို့ စိုက်ကြပါစို့ ဆီနေကြာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်
Oct 13,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် မြို့နေတောင်ယာစိုက်သူများအား အသိပညာဗဟုသုတရရှိစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး နေကြာဆီတိုးချဲ့ စိုက်ပျိုးနိုင်ကြစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်ကစုကလိမြို့ ပြည်သူ့စာကြည့်တိုက် Community Center တွင် ကျင်းပပြုလုပ်ခဲ့ပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18364
Page
18365
Page
18366
Page
18367
Current page
18368
Page
18369
Page
18370
Page
18371
Page
18372
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department