အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2022
ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အားလပ်ချိန်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Oct 14,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၈) နာရီအချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမရှေ့၌ မြို့မစည်ပင်သာယာစျေးသို့ စျေးရောင်း/စျေးဝယ်လာသူများ၊ ခရီးသွားပြည်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2022
ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးရန်အတွက် ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်း များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် (၉) နာရီက အဘိတ်ဆေးခတ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခဲ့သည်။
Oct 14,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)တို့ ပူးပေါင်းပြီး  စာအုပ်၊ စာပေဖတ်ရှု့ လေ့လာသူ ပိုမိုများပြားလာစေရန်နှင့်  အသိပညာဗဟုသုတများ ရရှိကြစေရန်တို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ဝက်ဈေးကောင်းရသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Oct 14,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီခွဲက ကျွန်းလှမြို့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် စားဝတ်နေရေး အဆင်ပြေချောမွေ့ စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အုန်းပင်အုပ်စု၊ သံဒိုင်ခင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 14,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းပြီး ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပုတင်းစုဈေး၊ ရမ်းဗြဲ-ပိန္နဲတောင်လမ်းဆုံနှင့် လူသွားလူလာများသော နေရာများသို့သွားရောက်ပြီး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။