အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းတွင်ရှိသော အသက်အကြီးဆုံး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့နယ်ရှိ အသက်အကြီးဆုံး အဘိုးတစ်ဦးအား မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက နိုင်ငံတော်မှ ထောက်ပံ့ငွေ (၁၀,၀၀,၀၀)ကျပ်အား သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ဗိုလ်တထောင်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း သစ္စာခန်းမတွင် ကျင်းပသည်။
Oct 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသီးနှံစိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို မင်းဘူးခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
Oct 14,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာမ “ဒေါက်တာခင်စန်းမော်” ရေးသားသည့် “ပညာရှင်စိတ်ထား” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁) နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
Oct 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် အောင်ပန်းမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ သင်တန်းကျောင်းအုပ်နှင့် နည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Oct 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA.4 နှင့် BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူများအား ယနေ့နံနက် (၉) နာရီတွင် ရေဖြူမြို့ (ခ) ရက်ကွက်ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး ကွင်းဆင်းကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဒေသခံပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျေးလက်ဒေသများသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရွာဝိုင်းကြီးကျေးရွာအုပ်စု ရွှေဖလားကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Oct 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က "လေထု ညစ်ညမ်းမှုအန္တရာယ်" ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။