Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၉)နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက်အခြေခံသင်တန်း(၄/၂၀၂၂)ဖွင့်လှစ်
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက်(၁၀:၀၀)နာရီက အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက်အခြေခံသင်တန်း (၄/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Oct 14,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တာဝန်ရှိသူ တို့က ဘိုးဘွားများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိ ထိရောက်ပြီး အမှန်တကယ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေး ညှိနှိုင်း…
Oct 14,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက် ရန်ပုံငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်း ခံမှုများအပေါ် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိထိရောက်ပြီး အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 14,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများ ကြဲပတ်စိုက်ပျိုးခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းများ ပြုလုပ်ထားသည်း ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း တံတားဦးမြို့နယ် ထနောင်းကိုင်းကျေးရွာ တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးနှိုးဆော်မှုများဆောင်ရွက်
Oct 14,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်စေရေးအတွက် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေဖို့အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက စုကလိမြို့ ရပ်ကွက် တွင် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့၌ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းဆင်းပွဲများကျင်းပ
Oct 14,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၆)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၃)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၃)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၈)၊ လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ် (၁၀)ဆင်းပွဲကို စက်မှုလက်မှုပညာ သင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးကွင်းဆင်းဆွေးနွေး
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကိုကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ဘုတလက်တန်းကြီးကျေးရွာတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18342
Page
18343
Page
18344
Page
18345
Current page
18346
Page
18347
Page
18348
Page
18349
Page
18350
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department