အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထများ ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စျေးရောင်းစျေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီခွဲ အချိန်က အမှတ် (၃) ရပ်ကွက်၊ မြို့မစျေးကြီးအနီး (၇)ဖြတ်လမ်းနှင့် ဦးစန္ဒာလမ်းမကြီး လမ်းဆုံတွင် ပြုလုပ်ခဲ့သည်။
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် (၁၁း၃၀)နာရီအချိန်တွင် ကျူံကူးတိုက်နယ်ရှိ ကျေးရွာအုပ်စု (၈)အုပ်စုသို့ ကွင်းဆင်းသွားရောက်ခဲ့ကြောင်း သိရသည်။
Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ ကျူတောကျေးရွာ အသင်းတော်ခန်းမဆောင်တွင် ယနေ့ နံနက် (၉)နာရီမှစတင်၍ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Booster အပိုဆောင် ထိုးနှံပေးလျက်ရှိသည်။
Oct 13,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် မြို့နေတောင်ယာစိုက်သူများအား အသိပညာဗဟုသုတရရှိစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး နေကြာဆီတိုးချဲ့ စိုက်ပျိုးနိုင်ကြစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်ကစုကလိမြို့ ပြည်သူ့စာကြည့်တိုက် Community Center တွင် ကျင်းပပြုလုပ်ခဲ့ပေးသည်။
Oct 13,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးတို့ ကူးစက်ခံရခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများအား ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ကာ ဒေါပုံမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 13,2022
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Oct 13,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျေ