အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2022
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ပြည်တွင်း ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် မာ့(စ်)ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Oct 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
Oct 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကလေးငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
Oct 15,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လောကနန္ဒာစေတီတော် လှိုဏ်ဂူအတွင်း၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပဌာန်းအောင်ပွဲကျင်းပပြုလုပ်ရာ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ညွန်မှူးများ၊ တပ်မတော် အရာရှိများ ၊ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။