အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ငွေသောင် ကျေးရွာမှ ငရုတ်စိုက်တောင်သူများ ငရုတ်သီးစိမ်းဈေး ကောင်းသလို အထွက်နှုန်းလည်းကောင်း၍ အဆင်ပြေလျက် ရှိကြကြောင်း ငွေသောင် ကျေးရွာဒေသခံ တောင်သူများထံမှ သိရသည်။
Oct 16,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မိုလ်ဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယို တည်းဖြတ်နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
Oct 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား/ကျောင်းသူများ၏ စွမ်းဆောင်ရည်မြှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Oct 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ငုရွှေဝါလမ်းရှိ အ-ထ-က(အင်္ဂပူ) ကျောင်းတွင် ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က Grade-8(A) ခန်းရှိ လျှပ်စစ်မီးပလပ်ခုံ မီးပွားကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရဿည်။
Oct 16,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အညာဒေသများတွင် ကျေးလက်နေပြည်သူများက စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် ဘူးစိုက်ပျိုးရေးလုပ်ငန်းအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း ဘူးစိုက်ပျိုးသူတစ်ဦးထံမှသိရသည်။
Oct 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အချိန်ပိုသင်ကြားလျက်ရှိသည့် ကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့က ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။
Oct 16,2022
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီး အကျဉ်းထောင်အား သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် မုန်းလိုက်ကျေးရွာအုပ်စု၊ မုန်းလိုက်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။