Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငါန်းဇွန်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ စာအုပ်စာစောင်များ ခင်းကျင်းပြသ
Oct 21,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျွန်းစုမြို့ရှိ အသေးစားရေအားလျှပ်စစ်စက်ရုံနှင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ဖြန့်ဖြူးနေမှု အခြေအနေများ ကွင်းဆ…
Oct 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ရေအားနှင့် စက်သုံးဆီအသုံးပြု၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် သယံဇာတေရးရာဝန်ကြီး ဦးခင်မောင်မြင့်တို့က ယနေ့ နံနက် (၈) နာရီအချိန်က ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ အသေးစားရေအားလျှပ်စစ်စက်ရုံသို့ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ
Oct 21,2022
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့၊( အ-ထ-က) သရက်ချောင်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အ-ထ-က) သရက်ချောင်း ကျောင်းပညာရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ လူငယ်ရေးရာနှင့် ပတ်ဝန်းကျင်ရှိ သဘာဝသယံဇာတအရင်းအမြစ်များ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 21,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာ၊ စာရိတ္တရေးရာ မြင့်မားတိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးနှင့် ပတ်ဝန်းကျင်ရှိ သဘာဝသယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေလိုသော ရည်ရွယ်ချက်ဖြင့် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် ယနေ့နံနက် ၁၀ နာရီက စတင်ဟောပြောပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Cemtreခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 21,2022
အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်သည့် သရက်ချောင်းမြို့နယ် ဌာနဆိုင်ရာစုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ကော်ဖီစိုက်ပျိုးတောင်သူများအား စိုက်ပျိုးနည်းပညာပေးသင်တန်းပို့ချ
Oct 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်ပျိုးသည့် တောင်သူများအား ကော်ဖီစိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက လိန်းညားကျေးရွာအုပ်စု ဝါးပြုံးကျေးရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18262
Page
18263
Page
18264
Page
18265
Current page
18266
Page
18267
Page
18268
Page
18269
Page
18270
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department