Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သနပ်ပင်မြို့နယ် ဖရဲကျေးရွာတွင် မျိုးစေ့ထုတ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်မြေကွင်းအမှတ်(၈၅၄-ခ)၊ ဦးပိုင်အမှတ်(၃၅/၄) တောင်သူဦးစိုးသိန်းပါ(၃)ဦး၏ လယ်ယာမြေ(၁၈)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဒေသ ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီအချိန်ခန့်က ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ ဇေယျာသီဝံ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Oct 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဒေသခံပြည်သူများ အနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူ ဖြစ်စေရန်နှင့် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် (၇)နာရီခွဲအချိန်က ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်း
Oct 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်ဆေး
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ကျုံဒါးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ ကွင်းဆင်းသွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေး၊ သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်တတ်သော ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးရေအဆင်ပြေစွာ ရယူသုံးစွဲနိုင်ရန် ရေပေးမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ပေါင်းကူးတံတား ပျက်စီးန…
Oct 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံများ စိုက်ပျိုးရာ၌ စိုက်ပျိုးရေအဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ လမ်းညွှန်မှုဖြင့် ဆည်ရေလုပ်သားများ ပူးပေါင်းအဖွဲ့က မဲဇလီ ရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေပေးထားသည့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ ကုလားဟောင်းကျေးရွာ လက်တံ(၄) ရေပေးမြောင်း ရေစီးရေလာ ကောင်းမွန်စေရေး ရေမှော်ပင်များနှင့် ဒိုက်ပင်များ ရှင်းလင်းခြင်းနှင့် ရေလက်တံမြောင်း ပေါင်းကူးတံတား မိုးရေ တိုက်စားမှုကြောင့် ပျက်စီးနေမှုအား အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် စုပေါင်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေကျပ် သိန်း (၃၀၀) ထုတ်ချေး
Oct 21,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နိုင်လှုံကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ချေးငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က ကျေးရွာဘုန်းကြီးကျောင်းရှိ ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18259
Page
18260
Page
18261
Page
18262
Current page
18263
Page
18264
Page
18265
Page
18266
Page
18267
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department